ဘုရားသခင်ရှေ့တော်၌ အတူတူပါ
အားလပ်ရက်ခရီးထွက်စဥ် ကျွန်တော်တို့ ဇနီးမောင်နှံသည် မနက်စောစော စက်ဘီးစီးရသည်ကို နှစ်သက်သည်။ ဒေါ်လာသန်းပေါင်းများစွာတန်သောအိမ်များ အနီးသို့ ဖြတ်သွားသည့် လမ်းကြောင်းတွင် ခွေးများနှင့် လမ်းလျှောက်ထွက်သည့် ထိုအိမ်များတွင်နေထိုင်သူများ၊ စက်ဘီးစီးသူများနှင့် အိမ်အသစ်ဆောက်ရန် (သို့) သဘာဝ ရှုခင်းနှင့်တူအောင် မြေကိုထိန်းသိမ်းပြုပြင်ရန် လုပ်ကိုင်နေကြသော အလုပ်သမား အများအပြားကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ၎င်းသည် အလွှာပေါင်းစုံ ရောပြွန်းနေ သောလူများဖြစ်ပြီး အဖိုးတန်သော အဖြစ်မှန်တစ်ရပ်ကို ကျွန်ုပ်အား သတိပေးလာသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ အလုပ်သမားလူတန်းစားဖြစ်စေ၊ ထင်ရှားသည်ဖြစ်စေ၊ လူမသိသူမသိဖြစ်စေ၊ ကျွန်ုပ်တို့ကြားတွင် အမှန်တကယ် ခြားနားမှု မရှိပါ။ ထိုနေ့မနက်က လမ်းတွင်ရှိသော ကျွန်ုပ်တို့အားလုံးသည် အတူတူပင်ဖြစ်သည်။ “ငွေရတတ်သောသူနှင့် ဆင်းရဲသောသူ ... တို့ကို ထာဝရဘုရားဖန်ဆင်းတော်မူ၏” (သု ၂၂:၂)။ ကွဲပြားမှု မည်သို့ပင်ရှိစေကာမူ၊ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ကျွန်ုပ်တို့အားလုံး ဖန်ဆင်းခံရသည် (က ၁:၂၇)။…
ကတ်တစ်ခုနှင့်ဆုတောင်းချက်
လောလောလတ်လတ် မုဆိုးမဖြစ်သွားသောအမျိုးသမီးတစ်ဦး၌ စိုးရိမ်စိတ် တိုးလာသည်။ ခင်ပွန်းဖြစ်သူအသက်ဆုံးရှုံးခဲ့ရသည့် မတော်တဆမှုနှင့်ပတ်သက်၍ အာမခံပေါ်လစီတစ်ခုမှ အရေးပါသောအာမခံငွေကို ထုတ်ယူရန်အတွက် အဓိကအချက်အလက်များ လိုအပ်နေသည်။ သူမကို ကူညီမည်ဟု ပြောခဲ့သော ရဲအရာရှိနှင့် စကားပြောခဲ့သော်လည်း သူ့ကို ဆက်သွယ်ရမည့်လိပ်စာကတ် ပျောက်သွားသည်။ ထို့ကြောင့် သူမကိုကူညီရန် ဘုရားသခင်ထံ အသနားခံ ဆုတောင်းခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ဘုရားကျောင်းတွင် ပြတင်းပေါက်တစ်ခုအနားမှ ဖြတ်သွားစဥ် ထိုရဲအရာရှိ၏ လိပ်စာကတ်ကို ပြတင်းပေါက်ဘောင်ပေါ်တွင် တွေ့လိုက်ရသည်။ ထိုနေရာသို့ လိပ်စာကတ်မည်သို့ရောက်သွားမှန်း သူ မသိသော်လည်း လိပ်စာကတ်ရှိနေသည့်အကြောင်းရင်းကို သူမ သိသည်။
သူမ အလေးအနက်ဆုတောင်းခဲ့သည်။ အဘယ့်ကြောင့် သူမဆုတောင်းခဲ့သနည်း။ သမ္မာကျမ်းစာက ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားထောင်နေသည်ဟု ဆိုသည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏” (၁ ပေ ၃:၁၂) ဟု ရှင်ပေတရု ရေးသားခဲ့သည်။…
အသက်ကို ရှာတွေ့ခြင်း
Brett (ဘရက်) အနေနှင့် ခရစ်ယာန်ကောလိပ်၌ ကျောင်းတက်ပြီး ကျမ်းစာလေ့လာခဲ့ရခြင်းက သဘာဝကျသည့် ခြေလှမ်းများဖြစ်သည်။ ပြောရလျှင် အိမ်၌၊ ကျောင်း၌၊ အသင်းတော်၌ သခင်ယေရှုကို တစ်ဘဝလုံး သိကျွမ်းသူများက သူ့ကို ဝန်းရံထားခဲ့သည်။ ကောလိပ်၌ သူရွေးချယ်သည့် ဘာသာရပ်ပင် ခရစ်ယာန်လူမှုရေးလုပ်ငန်းနှင့် လိုက်လျောညီထွေဖြစ်ပြီး၊ သူ၏အသက်မွေးဝမ်းကြောင်းမှုသို့ ဦးတည်နေခဲ့သည်။
သို့သော် သူ့အသက် (၂၁) နှစ်တွင် ရွာအသင်းတော်လေးတစ်ပါး၌ အသင်းသား အနည်းငယ်နှင့် ဝတ်ပြုကိုးကွယ်ရင်း သင်းအုပ်ဆရာ တရားဟောနေသည့် ရှင်ယောဟန်ဩဝါဒစာပထမစောင်မှ အံ့ဩဖွယ်အချက်တစ်ချက်ကို သူတွေ့ရှိခဲ့သည်။ သူသည် သူ၏ဦးနှောက်အသိများကို အမှီပြုပြီး ဘာသာရေးဝတ္တရားများ၌ ပိတ်မိလျက် ရှင်ယေရှု၏ကယ်တင်ခြင်းကို သူအမှန်တကယ်မရသေးကြောင်း သူသိနားလည်သွားသည်။ “မင်းငါ့ကို မသိပါဘူးကွာ” ဟူ၍ လေးနက်သော စကားဖြင့် ခရစ်တော်က သူ့နှလုံးသားကို ဆွဲငင်နေကြောင်း ထိုနေ့က သူခံစားခဲ့ရသည်။
တမန်တော်ရှင်ယောဟန်၏ သတင်းစကားက ရှင်းပါသည်။ “ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို…
မေးခွန်းများရှိပါသလား
အန်းန် သည် ပဏာမစစ်ဆေးမှုအတွက် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော ခံတွင်းခွဲစိတ်သမားတော်တစ်ဦးနှင့် တွေ့ဆုံနေသည်။ “မင်းမှာ မေးစရာတွေရှိလား”ဟု မေးရာ၊ သူမက “ရှိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆရာဘုရားကျောင်းသွားခဲ့လား” ဟုမေးခဲ့သည်။ ထိုမေးခွန်းက ဝေဖန်ရန် မရည်ရွယ်ဘဲ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စကားစမြည်ပြောရန် ရိုးရိုးလေး စကားစလိုက်ခြင်းဖြစ်သည်။
ခွဲစိတ်ဆရာဝန်သည် ဘုရားကျောင်းနှင့်ပတ်သက်၍ အပြုသဘောအတွေ့အကြုံနည်းပါးစွာ ကြီးပြင်းခဲ့ပြီး ဘုရားကျောင်းသို့ ပြန်မရောက်ခဲ့ပါ။ အန်းန်၏မေးခွန်းနှင့် သူတို့စကားပြောဆိုမှုများကြောင့်၊ သူ၏ဘဝတွင် သခင်ယေရှုနှင့် အသင်းတော်၏အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏အမည်ကို ရေးထိုးထားသည့် ကျမ်းစာအုပ်ကို အန်းန် လက်ဆောင်ပေးသောအခါ မျက်ရည်များနှင့် သူလက်ခံခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မျှဝေရာတွင် အလွန်တက်ကြွ စိတ်ထက်သန်သည့်ပုံ မပေါ်စေလိုပါ။ သို့မဟုတ်ပါကလည်း ထိပ်တိုက်ရင်ဆိုင်ရန် ကြောက်လန့်တတ်ကြသည်။ သို့သော် မေးခွန်းများ မေးခြင်းဟူသည့် သခင်ယေရှုအကြောင်း သက်သေခံရန် ဆွဲဆောင်မှုရှိသောနည်းလမ်း ရှိနိုင်ပါသည်။…
မတူညီသောနည်းလမ်း
၁၈၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီး David Livingstone (ဒေးဗစ် လစ်ဗင်းစတုန်း)၏ သာသနာလုပ်ငန်းကို စိတ်ထက်သန်စွာ ဆက်လက်ထမ်းရွက်ရန် Mary Slessor (မေရီစလက်စာ)သည် အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် Calabar (ခလေဘာနိုင်ငံ - ယခု နိုင်ဂျီးရီးယား)သို့ ရေလမ်းခရီးပြုခဲ့သည်။ သူမ၏ပထမဦးဆုံး တာဝန်မှာ အခြားသာသနာပြုများနှင့်အတူ နေထိုင်ရင်း ကျောင်း၌စာသင်ပေးရန် ဖြစ်သော်လည်း သူမသည် အခြားတစ်နည်းဖြင့် ထိုတာဝန်ကို ဆောင်ရွက်လိုသည်။ သို့နှင့် သူမသည် ထိုပတ်ဝန်းကျင်၌ ကြုံတောင့်ကြုံခဲအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ မေရီသည် သူအစေခံနေသူများကြား ပြောင်းရွှေ့နေထိုင်ကာ သူတို့၏ဘာသာစကားကို သင်ယူပြီး သူတို့နေထိုင်သည့်အတိုင်း နေ၍ သူတို့စားသလို စားခဲ့သည်။ စွန့်ပစ်ခံရသည့် ကလေးပေါင်းများစွာကိုလည်း ခေါ်ယူမွေးစားခဲ့သည်။ နှစ်ပေါင်း (၄၀) နီးပါးမျှ မျှော်လင့်ခြင်းနှင့် ဧဝံဂေလိတရားကို လိုအပ်နေသူများထံ သူမယူဆောင်ပေးခဲ့သည်။
ကျွန်ုပ်တို့ဝန်းကျင်ရှိ လူများ၏လိုအပ်မှုကို ဖြည့်ဆည်းပေးခြင်း၏အရေးပါမှုကို ရှင်ပေါလုသိသည်။…
အမှောင်မှအလင်းသို့
မည်သည့်အရာကမှ Aakash (အာကက်ရှ်)ကို သူ့စိတ်ကျရောဂါမှ မဆွဲထုတ်နိုင်ပါ။ သူသည် ယာဥ်တိုက်မှုကြောင့် ဆိုးဝါးစွာဒဏ်ရာရခဲ့ပြီး အနောက်တောင် အာရှရှိ သာသနာပြုဆေးရုံတစ်ခုတွင် တက်ရောက်ကုသခဲ့သည်။ ခွဲစိတ်မှု (၈) ကြိမ်ပြီးသည့် နောက်တွင် ကျိုးသွားသောအရိုးများကို ကုသနိုင်ခဲ့သော်လည်း သူအစားမစားနိုင်ပါ။ သူ၌ စိတ်ကျရောဂါဝင်လာခဲ့သည်။ စားဝတ်နေရေး အတွက် သူမိသားစုက သူ့အပေါ် မှီခိုနေရပြီး၊ သူတာဝန်မကျေနိုင်တော့သောကြောင့် သူ၏ကမ္ဘာသည် အမှောင်ကျလျက် မျှော်လင့်ချက်မဲ့လာသည်။
တစ်နေ့တွင် ဆေးရုံသို့အလည်လာသူတစ်ဦးက သူ့အား သူ၏မိခင်ဘာသာစကားဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ဖတ်ပြပြီး၊ သူ့အတွက် ဆုတောင်းပေးခဲ့သည်။ သခင်ယေရှုအားဖြင့်ပေးသည့် ဘုရားသခင်၏ အခမဲ့လက်ဆောင်ဖြစ်သော ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို မျှော်လင့်ခြင်းက သူ့စိတ်နှလုံးကို တို့ထိခဲ့ပြီး ဘုရားရှင်၌ သူယုံကြည်ကိုးစားခဲ့သည်။ သူ့စိတ်ကျရောဂါပျောက်သွားပြီး၊ သူအိမ်ပြန်ရောက်သောအခါ သူရှာတွေ့ခဲ့သည့် အသစ်သောယုံကြည်ခြင်းကို ထုတ်ဖော်ပြောရန် အစပိုင်း၌ စိုးရွံ့နေခဲ့သည်။ နောက်ဆုံးတွင် သူ့မိသားစုအား သခင်ယေရှုအကြောင်းပြောပြခဲ့ပြီး မိသားစုဝင် (၆)…
ခွဲခွာခြင်းနှုတ်ဆက်စကားများ
သူ့ဘဝဆုံးခန်းတိုင်ခါနီးတွင် John M. Perkins (ဂျွန်အမ်ပါကင်းစ်) သည် သူချန်ရစ်ခဲ့ရမည့် လူများအတွက် သတင်းစကားတစ်ခုရှိခဲ့သည်။ လူမျိုးရေး ပြန်လည် သင့်မြတ်ရေးကို အားပေးသူအဖြစ် လူသိများသော ပါကင်းစ် က “နောင်တရခြင်းသည် ဘုရားသခင်ထံ ပြန်သွားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။ နောင်တမရလျှင် သင်တို့အားလုံး ပျက်စီးလိမ့်မည်” ဟုပြောခဲ့သည်။
ဤစကားများသည် သခင်ယေရှုနှင့် သမ္မာကျမ်းစာရှိ အခြားလူများစွာတို့၏စကားကို ထင်ဟပ်စေပါသည်။ ခရစ်တော်က “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုပြောခဲ့သည် (လု ၁၃:၃)။ တမန်တော် ရှင်ပေတရုကလည်း “သင်တို့အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟုပြောခဲ့သည် (တ ၃:၂၀)။
၎င်းတို့ထက်စောပြီး သူ၏လူမျိုးကို ဘုရားသခင်ထံတော်သို့ ပြန်လှည့်စေ လိုသော အခြားသူတစ်ဦး၏စကားကို ကျွန်ုပ်တို့ဖတ်ရှုခဲ့သည်။ ပရောဖက်၊ ယဇ်ပုရောဟိတ်နှင့် တရားသူကြီးဖြစ်သည့် ရှမွေလ၏ “ဣသရေလလူအပေါင်းတို့”ကို (၁…
ကြယ်များကို စူးစမ်းလေ့လာခြင်း
ကမ္ဘာကြီးမှ မိုင် (၁) သန်းခန့်အကွာမှနေ၍ စကြဝဠာအကြောင်း ပိုမိုစူးစမ်းနိုင်မည့် ‘James Webb’ အာကာသမှန်ပြောင်းကို နိုင်ငံအချို့၏ စုပေါင်းကြိုးပမ်းမှုဖြင့် ၂၀၂၁ ခုနှစ်တွင် လွှတ်တင်နိုင်ခဲ့သည်။ ဤအံ့ဖွယ်အရာသည် နက်ရှိုင်းသော အာကာသအတွင်းသို့ စူးစိုက်ကြည့်ကာ၊ ကြယ်များနှင့်တကွ အခြားသောအာကာသအံ့ဩဖွယ်ရာများကို လေ့လာမည်ဖြစ်သည်။
၎င်းသည် အမှန်တကယ် စိတ်ဝင်စားစရာကောင်းသည့် နက္ခတ္တပညာဆိုင်ရာ နည်းပညာစက်ပစ္စည်းတစ်ခုဖြစ်ပြီး၊ အကယ်၍ အားလုံးအဆင်ပြေခဲ့ပါက ၎င်းသည် ကျွန်တော်တို့အား အံ့ဖွယ်ဓာတ်ပုံများ၊ သတင်းအချက်အလက်များကို ထောက်ပံ့ပေးနိုင်မည်။ သို့သော် ဤဆောင်ရွက်ချက်သည် အသစ်အဆန်းမဟုတ်ပါ။ ပရောဖက် ဟေရှာယက “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏” (ဟေရှာ ၄၀:၂၆) ဟု ဆိုခဲ့စဥ်က ကြယ်များကို စူးစမ်းခြင်းအကြောင်း သူပြောခဲ့ပါသည်။ မမြင်နိုင်လောက်အောင်ကြီးမားလှသော ဤစကြဝဠာကြီးနှင့်တကွ ညကောင်းကင်ကို ငြိမ်သက်စွာ တင့်တယ်စေသည့် အလင်းစုအနန္တကို (ဆာလံကျမ်း…
ခွင့်လွှတ်ခြင်းတန်ခိုး
၂၀၂၁ ခုနစ် သတင်းမှတ်တမ်းများတွင် သာသနာပြု (၁၇)ဦးကို လူဆိုးဂိုဏ်းမှ ပြန်ပေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်။ ထိုလူဆိုးဂိုဏ်းသည် သူတို့တောင်းသည့်ငွေ မရရှိပါက ဖမ်းဆီးထားသောအဖွဲ့ကို (ကလေးများအပါအဝင်) သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ မယုံနိုင်စရာကောင်းလောက်အောင် သာသနာပြုများအားလုံး လွတ်မြောက်ခဲ့သည်။ လုံခြုံရာနေရာသို့ ရောက်သောအခါ သူတို့သည် သူတို့ကို ဖမ်းဆီးချူပ်နှောင်ခဲ့သူများအား “ခွင့်လွှတ်ခြင်းမေတ္တာသည် ရုန်းရင်းဆန်ခတ် အကြမ်းဖက်သည့် မုန်းတီးမှုထက် ပို၍အားကြီးကြောင်း၊ သခင်ယေရှုသည် ကိုယ်တိုင် ပုံသက်သေပြခဲ့သည်သာမက တရားစကားများဖြင့်လည်း သွန်သင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သင့်တို့ကို ခွင့်လွှတ်သည်” ဟူသော သတင်းစကား ပေးပို့ခဲ့သည်။
သခင်ယေရှုက “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်” (မ ၆:၁၄) ဟုဆိုကာ ခွင့်လွှတ်ခြင်းသည် တန်ခိုးကြီးကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ပေတရု၏မေးခွန်းကိုဖြေကြားစဥ် “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်…
ဘာလို့ဒီလိုလုပ်တာလဲ
ကျွန်တော်၏ (၆) တန်းအရွယ် မြေးလေး Logan (လိုဂန်)၏ ခက်ခဲသည့် အက္ခရာ သင်္ချာ အိမ်စာများကို သူနှင့်အတူ ကူလုပ်ပေးရင်း မြေးက အင်ဂျင်နီယာဖြစ်ချင်သည့် သူ့အိပ်မက်အကြောင်း ပြောပြသည်။ x, y ဝင်ရိုးပုစ္ဆာများကို အဖြေရှာရင်း သူက “သားဒီဟာတွေကို ဘယ်အချိန်မှာ သုံးရမှာလဲ” ဟု မေးခွန်း ထုတ်ခဲ့သည်။
ကျွန်တော်ပြုံးမိရင်း “လိုဂန်၊ ဒါတွေက မင်းအင်ဂျင်နီယာဖြစ်ခဲ့ရင် သုံးရမဲ့ ဟာတွေပဲ” ဟုပြောခဲ့သည်။ အက္ခရာသင်္ချာနှင့် သူ၏အနာဂတ်မျှော်လင့်ချက်ကြား ဆက်နွှယ်မှုကို သူမရိပ်စားမိခဲ့ပေ။
တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်း နှုတ်ကပတ်တော်ကို ထိုကဲ့သို့မြင်မိတတ် ကြသည်။ တရားဒေသနာ နားထောင်ချိန် (သို့) အချို့သောကျမ်းပိုဒ်များကို ဖတ်မိချိန်၌ “ငါတို့ ဒါကို ဘယ်အချိန်မှာ သုံးရမှာလဲ” ဟု ကျွန်ုပ်တို့တွေးမိသည်ပင်။ ဆာလံဆရာဒါဝိဒ်ထံ၌ အဖြေများရှိသည်။ နှုတ်ကပတ်တော်၌ ပါသော ဘုရားသခင်၏တရားတော်သည် “စိတ်ဝိညာဉ်ကို…